မိမိတို့အင်အားစုနှင့် (Buffalo) ညီလာခံဖြစ်ပေါ်လာပုံ
                                                                                                                                                               ရက်စွဲ ။     ။ ဧပြီ(၁၇) ရက်၊ ၂၀၁၀

(Utica)ညီလာခံအား ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ(၃/၄)ရက်နေ့တွင်ကျင်းပခဲ့သည်။ (Utica)ညီလာခံအား ဦးဆောင်ကျင်းပခဲ့သူများမှာ အ မေရိကန်နိုင်ငံရှိ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ပ)၊ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှရဲဘော်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှရဲဘော်များ၊ တိုင်းရင်းသားအင်အားစု များမှရဲဘော်များ(ALD-USA/ NDF-US ကိုယ်စားလှယ်နှင့် ALP-ပါတီမှရဲဘော်များ) သံဃာ့ခေါင်းဆောင်များ(ဦးခေမာစာရ၊ ဦးပညာ ဇောတ၊ဦးဂေါသိတ) စသည့်အင်အားစုများမှ ရဲဘော်များဖြစ်သည်။ ညီလာခံဖြစ်မြောက်ရေးကော်မတီကို အင်အားစုအသီးသီးမှ ရဲ ဘော်(၄၆)ဦးဖြင့်ဖွဲ့စည်းသည်။ ညီလာခံသို့ အမေရိကန်နိုင်ငံပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်(၈၃)ဦးတက်ရောက်သည်။ (Web Conference) ဖြင့် အခြားနိုင်ငံများမှ ရဲဘော်များတက်ရောက်ဆွေးနွေးနိုင်စေရန် စီစဉ်ခဲ့သည်။ ညီလာခံမှ (Coordinating Committee) ကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များ စုစုပေါင်း(၅၄)ဦးအား ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် စုဖွဲ့မှု အားအကောင်းဆုံးအင်အားစုတရပ်ဖြစ်ပြီး “စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေ စီအင်အားစုများ(အမေရိကန်ပြည် ထောင်စု)”ဟူ၍သတ်မှတ်ခေါ်ဆိုခဲ့သည် ။

(Utica) ညီလာခံ၏ နိုင်ငံရေးအခြေခံမူ (၃)ချက်                                                                
   
             (၁) - ၂၀၁၀ ရွေးကောက်ပွဲအား လုံးဝဆန့်ကျင်တိုက်ဖျက်ရေး ။
             (၂) - စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ) ။
             (၃) - ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ။

(Utica) ညီလာခံမှ ချမှတ်လိုက်သော နိုင်ငံရေးလုပ်ငန်းစဉ် (၆)ရပ်

             (၁)အမျိုသားကွန်ဂရက်ဖွဲ့စည်းမှူရေးရာလုပ်ငန်းကော်မတီ
             (၂)ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာ လုပ်ငန်းကော်မတီ
             (၃)ဘဏ္ဍာရေးရာ လုပ်ငန်းကော်မတီ
             (၄)ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှူရေးရာ လုပ်ငန်းကော်မတီ
             (၅)ပြည်ပနိုင်ငံရေးလှုပ်ရှားမှူရေးရာ လုပ်ငန်းကော်မတီ
             (၆)နိုင်ငံရေးလှုံ့ဆော်မှူရေးရာ လုပ်ငန်းကော်မတီ
                 စသည့် နိုင်ငံရေးအခြေခံမူများ၊ လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်ခဲ့သည် ။

- တယ်လီဖုန်းဆွေးနွေးပွဲများစီစဉ်ကျင်းပပြီး လုပ်ငန်းစဉ်(၆)ရပ်အား အကောင်အထည်ဖေါ်ဆောင်နိုင်ရန် ကြိုးစားလုပ်ဆောင်ခဲ့ သည်၊ ပြည်ပရှိမြန်မာ့ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စုစည်းခဲ့သည် ။ လုပ်ငန်းများဖေါ်ဆောင်နိုင်မှု အခြေအနေမှာ မြန်မာ့အမျိုးသားကွန်ကရက်(Burma National Congress) ကြေညာစာတမ်းပြုစုဖြန့်ဝေခြင်း၊ (BNC) ပေါ်ပေါက် ရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းစာဖြန့်ဝေခြင်းနှင့် မိမိတို့အင်အားစုကိုယ်စား ၊ ဂျပန်/ဂျာမဏီညီလာခံများသို့ ကိုယ်စားလှယ်စေ လွှတ်၍ ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည် ။ (BNC)ပေါ်ပေါက်ရေးဆိုင်ရာ (Lobby team)ကိုလည်း အဖွဲ့ဝင်(၁၈)ဦးဖြင့် စုဖွဲ့နိုင်ခဲ့ သည် ။  

- တောင်အာဖရိကကွန်ကရက် (ANC)ကဲ့သို့ တမျိုးသားလုံးလက္ခဏာဆောင်သည့် စုဖွဲ့မှုမျိုးပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင် နေသည် ။ သို့သော်လည်း ကျယ်ပြန့်သောတပ်ပေါင်းစုကြီးဖွဲ့စည်းနိုင်ရန် အချိန်နှင့်စုစည်းမှုများ လိုအပ်နေသည့်အတွက် (Utica)ညီ လာခံမှချမှတ်ခဲ့သော နိုင်ငံရေးလုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်နိုင်ရန် / ပြင်ဆင်ဖြည့်စွက်နိုင်ရန်နှင့် အမျိုးသားရေးလက္ခဏာ ဆောင်သည့် အင်အားစုတရပ် ပေါ်ပေါက်နိုင်ရေးအတွက်ရည်ရွယ်၍  ညီလာခံတရပ်အား ကျင်းပရန်ဆွေးနွေးခဲ့ကြသည် ။

- ညီလာခံအား (Buffalo)မြို့တွင်ကျင်းပရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည် ။ ညီလာခံကို ၂၀၁၀ ခုနှစ်မေလ(၂၂/၂၃)တွင် ကျင်းပရန်ဆုံး ဖြတ်ခဲ့သည် ။ ညီလာခံကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲများကိုလည်း မတ်လ (၂၀)ရက်နေ့တွင် စတင်စီစဉ်ကျင်းပရန် ဆွေးနွေး ခဲ့ကြသည် ။ ဤဆုံးဖြတ်ချက်များနှင့်အညီ ညီလာခံကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပခဲ့သည် ။ နိုင်ငံတကာမှ ဒီမိုကရေစီအင်အားစုများကို ဖိတ်ခေါ်၍ ဆွေးနွေးညှိနှိုင်းခဲ့သည် ။

- (Buffalo) ညီလာခံကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီနှင့် ညီလာခံကျင်းပရေးကော်မတီကို ဖွဲ့စည်းသည် ။ ထို့အပြင် ညီလာခံဖိတ်ကြားရေးဆပ်ကော်မတီ ၊ ပြန်ကြားရေးဆပ်ကော်မတီ ၊ ဘဏ္ဍာရေးဆပ်ကော်မတီ စသည့်ကော်မတီများနှင့် ညီလာခံနှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းပြီးဖြစ်သည် ။

- ညီလာခံအား အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါသည် ။

(၁) ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအား အခြေခံကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ရေးတွင် ပြည်တွင်းပြည်ပရှိ
      နိုင်ငံရေး အင်အားစုများအားလုံး တစုတစည်းတည်း စုစည်း၍ တော်လှန်သည့် ဘုံနိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ။

(၂) စစ်အာဏာရှင်စနစ်အား နည်းလမ်းပေါင်းစုံဖြင့် ဖျက်သိမ်းနိုင်ရေးအတွက် ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသားအင်အားစု များအားလုံး စုစည်းတွေ့ဆုံညှိနှိုင်း၍ 
     ထိရောက်သည့် လုပ်ငန်းစဉ် မူပေါ်လစီများ၊ တညီတညွှတ်တည်း လိုက်ပါဆောင်ရွက်နိုင်သည့် နည်းလမ်းများ ချမှတ်ဖေါ်ဆောင်နိုင်ရန် ။


(၃) အမျိုးသားတန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ အမျိုး သားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ
     ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ။


(၄) ခိုင်မာကျစ်လစ်သည့် အမျိုးသားရေးလက္ခဏာဆောင်သော စုဖွဲ့မှုမျိုးပေါ်ပေါက်လာရေးအတွက် ၀ိုင်းဝန်ပြင်ဆင်ရန် ။

(၅) ၂၀၀၉ ခုနှစ် ဇူလိုင်(၃/၄) ရက်နေ့တွင် ကျင်းပခဲ့သည့် “ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ မ ဟာဗျူဟာညီလာခံ”မှ ချမှတ်ထားသော
      နိုင်ငံရေးလုပ်ငန်းစဉ်(၆)ရပ်အား ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် ၊ ပြင် ဆင်ဖြည့်စွက်နိုင်ရန် ။ ထိုနိုင်ငံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်လုပ်ဆောင်နိုင်ရန် ။


(၆) ရည်မှန်းချက်များ ထမြောက်အောင်မြင်နိုင်ရေးနှင့် နိုင်ငံရေးလမ်းစဉ် မူပေါ်လစီများအား မှန်ကန်စွာဦးဆောင်နိုင်သည့် နိုင်ငံရေး အရ စွမ်းဆောင်မှုရှိသည့် ခေါင်းဆောင်များ၊ 
     စုဖွဲ့မှုအင်အားစုများ ပေါ်ပေါက်လာစေရန် …..စသည့် ရည်ရွယ်/ဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုများ၏
     ညီလာခံအား မေလ ( ၂၂/ ၂၃)ရက်တွင် နယူးယောက်ပြည်နယ်အထက်ပိုင်း ( Bufflo)မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည် ။


- ထိုရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပမည်ဖြစ်သော မိမိတို့၏ “ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီ မိုကရေစီအင်အားစုများညီလာခံ” သို့ တက်ရောက်ပါရန် ဖိတ်ခေါ်ပါသည် ။

ညီလာခံဖိတ်ကြားရေးဆပ်ကော်မတီ

    Title Text.