ကြိုတင် အကြံပေးမူ့ များ

( ၁ ) နိုင်ငံတကာကွန်ဖရင့် ဖြစ်သည့်အတွက် တယ်လီကွန်ဖရင့်ဆွေးနွေးပွဲ နောက်တကြိမ်ဖိတ်တဲ့အခါမှာ စာဖြင့် ၊( အီမေး ၊ ဖက်စ် စသည် ) ဖြင့် လည်းဆွေးနွေးချက် အကြံပေးချက် များကို တရားဝင် မှတ်တမ်းတင် ကြိုဆိုပါကြောင်း ဖိတ်ခေါ်ပေးရန် ၊ အကြောင်းကြောင်းကြောင့်တယ်လီဖုန်း ဖြင့်မပါဝင်နိုင် သောနိုင်ငံများ ၊ သူများနေရာများ မပါဝင်ချင်သူများ ကိုရည်ရရွယ်သည်..

( ၂) ကနေဒါနိုင်ငံမှအင်အားအများစုနှင့်အမေရိက မှ အင်အားအများစု ရှေ့ ဆက်လက်တွဲလုပ်ဆောင်နိုင်
မှူ့  ကို အပြည်ပြည်ဆိုင်ရာ အဖွဲ့ သန်တန် ၏ပထမဆင့် ချေလှမ်း အဖြစ် ရည်မှန်းထားပြီး အခြား နိုင်ငံများ
မှလည်း အနည်းဆုံး ၂ယောက်ကို မိမိတို့ နည်းစပ်ရာလူများ ဖြင့်စတင် ထားရှိကာ နှစ်စဉ် နိုင်ငံအလိုက်
ရုံးခွဲ သဘောမျိုး ဖြင့်  မိဒီယာတရပ် ကို ခိုင်မာစွာ တည်ဆောက်ပြီး နှစ်စဉ် တိုးချဲ့သွားနိုင်ရန် လူဦးရည်
အဖွဲ့ဝင်များသော နိုင်ငံများမှ ကူညီ တိုးချဲ့ သွားပေးရန် ၊

( ၃ )တနှစ်တကြိမ် ခန့် မျှ နိုင်ငံ အချို့သို့လှည့် လည် ၍ ဒေသခံ ရုံးခွဲအဖွဲ့ ခွဲ၏ အကူအညီဖြင့်  နိုင်ငံရေး ဆွေးနွေးပွဲများ၊ရံပုံငွေ ရှာဖွေပွဲများ၊ ဒေသဆိုင်ရာ NGOs များသို့ ချည်းကပ်မူ့ များ ၊ ဒေသဆိုင်ရအဖွဲ့ ဝင်
တိုးပွားရန်ကူညီမူ့ များ ကို အပြန်အလှန် ခရီးသွားကူညီပေးကြရန်

(၄ ) မီဒီယာ ၀က်ဆိုက် ကို အင်္ဂလိပ်မြန်မာနှစ်ဘာသာ ဖြင့် ခိုင်မာစွာထားရှိရမည့်အပြင် တနှစ် တကြိမ် စာ
စောင်များ ထုတ်ဝေ၍ နယ်စပ်ပြည်တွင်းထိုင်းနိုင်ငံများသို့ ဖြန့် ဝေ စည်းယုံးလှုံဆော် သင့်သည် ...

(၅) ပြည်တွင်း ယူဂျီ အဖွဲ့ ထားရှိသင့် သည်.. ( အသေးစိပ်လုပ်ငန်းစဉ်များကို ပြောရန်မလို ) စာဝေ ဆေးမှတ် ၊ သတင်း ယူ ရန် သာ ဖြစ်ချင်လည်းဖြစ်မည်...

( ၆ ) စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ှရှိသင့် သည် .. အချင်းချင်း အပြုအဘောဆောင်သောအကောင်းမြင်
ဝါဒဖြင့်  ပြသနာ မကြီးခင် ထောက်ပြလက်တွဲခေါ်ဆောင်ခြင်းသည်.. အဖွဲ့ နှစ်ချမ်းကွဲ မူ့ များကြီးမားသေ
ပတိပက္ခ များကို အနည်းနှင့်အများတာဆီးနိုင်မည်ဖြစ်သည်..

( ၇ ) တိုင်းရင်းသားရေးရာ ဌါန ကို ထားရှိသင်သည့်  ၀က်ဆိုက်တွင် လည်း တိုင်းရင်းသား ဘာသာပေါင်း
စုံ ဖြင့်  အနည်းဆုံး ကြိုဆိုပါသည် ဆိုတာလောက်တော့ စာပေ ကို မှတ်တမ်းတင် အသိအမှတ်ပြုသင့် 
သည် ..

( ၈) စည်းယုံးခြင်းသည် အဖွဲ့ ၏အောင်မြင်ခြင်းနှင့်တိုက်ရိုက် အချိုးကျလျှက်ရှိရာ အဖွဲ့ ဝင် အခြင်းခြင်း
တပ်နိုင်သမျှ ရှိးသားမူ့
များ ၊ရှိစေရန် အစည် မပြတ် လှု့ံ့ဆော်သတိပေးခြင်းမျိုးသည် စသည့်ဖြင့် ရှိသင့်
သည်..

( ၉) အဖွဲ့ ၏ ဖွဲ့ စည်းပုံ သို့ မဟုတ်နောင့်နောင်ဖြစ်ပေါ်လာနိုင်သည့်များကို ကြိုတင် သတ်မှတ်ထားသည့် 
မူများဘောင်များ ထုတ်ပြန် ပြုစုထားသင့်သည်

( ၁၀ ) နိုင်ငံတိုင်းတွင်သုတေသန အဖွဲ့ ခွဲ များထားရှိကာ မိမိ ဒေသဆိုင်ရာ အတွင်း ရှီ မြန်မာ အေ၇းနှင့် 
ပတ်သက်သည် .. တော်လှန်ရေး အဖွဲ့ များ ၊တိုင်းရင်းသားအဖွဲ့ များ၊အင်ဂျီအိုများ ၊မဟာမိတ်အဖွဲ့များ မြန်မာသံရုံး ဖွဲ့ စည်းပုံ စသည်တို့ ကို စာရင်း ပြုစုထားပြီး အပြန်အလှန်ဆွေးနွေး သင့်သည် ...

ကို ဇော် ဇော် .


Burma Forum Canada (Joint Coordinator )

သို့ 

ကိုကိုလေး ၊ ကိုထွန်းအောင်ကျော် ၊ ကိုရဲထွဋ္ဋ် ၊ ကိုခွန်ထွန်းတောက် ၊ ကိုမင်းနိုင် ၊ ဒေါက်တာခင်စိန် ၊ကိုစိုင်း ၊ ကိုစိုးမိုး ၊ ကိုဇော်နိုင် နှင့်  ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်နေကြသော မိတ်ဆွေများ ၊ ရဲဘော်ရဲဘက်များ ....

မနေ့ ည က တယ်လီဖုန်း ဆွေးနွေးပွဲတင် အကြောင်းကြောင်းကြောင့် မပြောဖြစ်ခဲ့ သည် များကို ဆက်လက်ဆွေးနွေးခြင်းဖြစ်သည် ...
အချို့ အရာများသည် ဖုန်းဖြင့် ဆွေးနွေးရန် မကောင်း သိမ်မသင့် တော်သလို  ၊ အချို့ အရာများသည် ဖုန်းဖြင့် ဆွေးနွေးရုံဖြင့် မလုံလောက်ပါ... ဟုယူဆပါသည် ...

( ၁ ) အေးဆေးစွာ စာဖြင့် ရေးသား အကြံပေး ဆွေးနွေးမှူ့ မျို့ အကြံပေးမှူမျိုး ၊ ကိုလည်း တရားဝင် တကမ္ဘာလုံးသို့ ဖိတ်ခေါ်ကာ အချို့ မှာ တာဝန်ယူ
ဒိုင်ခံ ဆက်သွယ်ပေးနေသင့် သည် ...

( ၂ ) တကယ် အဓိပါယ်ပြည့် ဝသော နိုင်ငံတကာ ကွန်ဖရင့် တခု ဖြစ်မြောက်လာစေရန် ၊ အနည်းဆုံး တနိုင်ငံ တယောက် နှစ်ယောက်စီလောက်ကို ထိုနိုင်ငံဒေသဆိုင်ရာ အတွင်း ဖိတ်ကြားစေရေး ၊ ဆက်သွယ် ၊ လှုံ့ ဆော်ရေး ၊ ရံပုံငွေ ကောက်ခံရေး စသည် တို့ အတွက် တရားဝင် ထားရှိကြော်
ငြာ ပေးသင့် သည် ... ထိုတစ်ယောက်နှစ်ယောက်ထက်ပိုမိုဆက်သွယ်လာပါကလည်း အားလုံးနှင့် ဆိုင်သော ညီလာခံကို ပါဝင် ကူညီလိုသည့် အပြု
သဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ပါဝင် ပူးပေါင်း စုစည်း ဆက်သွယ်လိုသူ များကို Positive Energy အနေနှင့် ထိုသူ သို့ မဟုတ် အဖွဲ့ 
အစည်း ကို ထိုနိုင်ငံထိုဒေသအတွက် အားလုံးလက်ခံသင့် သည် ... နောင်လာမည့် နှစ်များတွင် ထိုအားကောင်းသောနိုင်ငံများဉ်ပင် အလှည့် ကျ အစည်း
ဝေး ဖြစ်လာနိုင်သည်...

( ၃ ) ရံပုံငွေရှိ၍ ၊ ပရောဂျက်ကျလာ၍ ထလုပ်ပြရခြင်း ထက်စာလျှင် ၊ လူငွေအချိန် မိမိအိတ်စိုက် အားကျိုးမန်တက် ရိုးသားပွင့် လင်းစွာချပြ၍လုပ်ဆောင်
ဖြစ်ပေါ်လာသော ညီလာ ခံ အဖွဲ့ အစည်း တရပ်သည် ပိုမိုလေးစား ဂုဏ်ယူဖွယ်ကောင်းသည် ၊ တော်လှန်ရေး၏ သဘောသဘာဝနှင့် လည်း ကိုက်ညီ
သည် ၊ မိမိတို့ ကနေဒါ မှ ရဲဘော်များအနေနှင့် လည်း ( ကိုဇော်ဇော် ၊ ကိုတင်ထွဋ္ဋ် ) လိုက်လံစုစည်း စည်းယုံး၍ အခြားရဲဘော်များ ၊ ၈၈မျိုးဆက်များ
အေဘီ ရဲဘော်ဟောင်းများ ၊ နှင့် တိုင်ပင်ကာ ၊ ကိုစွမ်း ဥာဏ်စွမ်း ရှိသမျှ ဆက်လက်ကူညီသွားရန် ဆန္ဒရှိသည် ...

( ၄ ) ဒီနေရာတွင် ညီလာခံလုပ်ဆောင်နေကြသော ပုဂိုလ်များအနေဖြင့် မိမိညီလာခံ ၊ အဖွဲ့ ကို နိုင်ငံအသီးသီးမှ ပါဝင်အားဖြည့် ရာနုံး ပြည့်  ထောက်ခံ
ကြလိမ့် မည် ဟု တွက်ဆမထားသင့် သလို စိတ်တူ သဘောတူသူများနှင့် လက် ဆက်လက် တိုးမြှင့် လက်တွဲ လုပ်ဆောင်နိုင်ရန် လည်း အသင့် ပြင်
ထားသင့် သည် ... အပြည့် အ၀ မထောက်ခံမှူ့ များ မှာ မည် သည့် တော်လှန်ရေးတွင်မဆို ဖြစ်လေ့ ဖြစ်ထရှိသော ဘဘောတရားများသာဖြစ်သည် ၊ ပြသနာများ မဟုတ်..
 
( ၅ ) ယနေ့ ညက ကျွန်တော် ကို ဇော်ဇော် မှ အားလုံးကို ကမကထ ပြုစည်းယုံ ရှင်းပြ၍ ကိုဇော်ဇော် ( ABSDF, Burma Forum )  ၊ ကိုအောင်တင် ( NLD  ၊ ကိုဝင်းမောင် BMA ၊ ကို ရဲရင့်  လူငယ် ဘလော့ ကာ ၊ တို့ အတူ တနေရာတည်းမှ ၀ိုင်းဝန်းဆွေးနွေကြသလို ကိုတင်ထွဋ္ဋ် ( ကျောင်းသားများအဖွဲ့  ဥက္ကဌ BSDO ) ကို ထွန်းထွန်းဦး Burma Forum ၊ နိုင်ရောမွန် ( မွန်ကနေဒီယန် ဥက္က္ထ္ထ ဌ ) တို့ ကိုလည်းပါဝင်ဆွေးနွေးစေခဲ့ သည် ၊ ဆက်လက်၍လည်း အနေဒါနိုင်ငံ၏ အနောက်ပိုင်းမှ ( ဗန်ကူးဗား ) ၊ အလည်ပိုင်း ( မွန်ထရီယယ် ) ၊ စစ်စကာချွန်ဝမ် ၊ အော်တာဝါ စသည်တို့ ဖက်မှ ကျောင်းသားများအပြင်
တိုင်းရင်းသားအဖွဲ့ အစည်းများ ၊ ဆက်လက်ဆွေးနွေးရန် ရှိသည် ၊ နောက် တစ်ပတ် တွင် ၊ မသက်ထက်ထွန်း ( မွန်ထရီရယ် )၊ ဆလိုင်းဇာချေးလျှံ ( တိုရွန်တို ) ၊ ပရောဖက်ဆာ Bush Gulati ( Toronto , NCUB ) ၊ ဦးစံလွင် ( တိုရွန်တို ) ၊ ကို ဌေးအောင် ( ဗန်ကူးဗား ) ၊ ကြိုးစားဆက်သွယ်နေကြသည်

( ၆ ) နိုင်ငံတကာမှ ရဲဘော်များအနေ နှင့် လည်း ထပ်မံပါဝင်လာအောင် အထူး ဆက်လက်ကြိုးစားစည်းယုံးသင့် သည် ၊ ဒီနေရာတွင် လွန်ခဲ့ သော နှစ်၂၀
ကျော်ကာလအတွင်း မှ ပုဂိုလ်ရေး များကို မေ့ ပြစ်သင့် ပြီး ၊ နှစ် ၂၀ အတွင်း ပြည်ပရောက်မြန်မာကျောင်းသားဟောင်းတို့ ၏ ပြောင်းလွဲ တိုးတက် တည်
ငြိမ်မှူ့ ကို အချင်းချင်း ယုံကြည် လေးစား အပြန်အလှန် အသိအမှတ် ပြန်လည်ပြုသင့် ကြကာ ပူးပေါင်းလိုသူအားလုံးကို တန်းတူ လက်ကမ်းကြိုဆိုသင့် 

ကြပါသည်...  ဥရောပဖက်မှ ကျောင်းသားများ တနိုင်ငံ တယောက် မျှ လာတက်နိုင်လျှင်ပင် နောင်လာမည့် နှစ်များအတွက် ဆက်လက်တိုးချဲ့ ရန် အ
လားအလာရှိသည် ။ ကျွန်တော်တို့ နှင့် ဆက်သွယ်ပြောဆိုထားသူများလည်း ရှိသည်... လိုအပ်လျှင်ပြောပါ ( ဒါမျိုး ဖုန်းပေါ်တွင်ဆွေးနွေး၍ မသင့် တော်
ပါ..လက်ရှိ ကျွန်တော်တို့  တယ်လီကွန်စံနစ်သည် ..ဖုန်းနံပါတ်နှင့် ပတ်စ၀တ်ရသော မည်သူမဆို ( အစိုးရဖက်သံရှုံးများ ၊ ဒီညီလာခံကို မဖြစ်လိုသူမိမိ
တို့ မိတ်ဆွေဟောင်းများစသည် ) .. တို့ မှ လည်း ၀င်ရောက်ပြောဆိုခြင်းမျိုးမရှိပဲ နားထောင် အသံဖမ်းထားနိုင်ကြသည်..

( ၇ ) အချုပ်အားဖြင့် ကျွန်တ်ေတို့( အချို့ ) မှာ ၈၈ ကျောင်းသားအစစ်( နိုင်ငံရေး ၊ ပညာရေး ၊ သမိုင်ကျောင်းအရ ) များဖြစ် သည့် အတွက် အရာအားလုံးကို နားလည်နိုင်စွမ်း ရှိသလို့  ဖို့ ဝေးညီလာခံ ၊ ယူတီကာညီလာခံများကိုပါ မတက်ရောက်ဖြစ်ခဲ့ ခြင်းမျှသာဖြစ်ခဲ့ပြီး လက်ရှိ ဘာဖက်လိုးညီ
လာခံ ကို အားပေးသူများဖြစ်သည်..

အားလုံးကို ခင်မင်လေးစားလျှက်

ကို ဇော်ဇော် နှင့် ကိုတင်ထွဋ္ဋ်

( 416 ) 735 4128 / ( 647 ) 328 7703